ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, May 27, 2012

နဝတ်ရတ်ကိုးပါးနှင့်၎င်းတို့၏အစွမ်းသတ္တိများ


၁။ ပတ္တမြား -ဘုန်းတန်ခိုးကြီးခြင်း
Rubby being very powerful
၂။ မြ – အေးချမ်းခြင်း
Emerald – Pace
၃။ စိန် – ဂုဏ်ရောင်ထွန်းပြောင်ခြင်း
Diamond – Rising in dignity and fame
၎။ ကြောင် – သိဒ္ဒိပြီးခြင်း
Cat eye -Attaining power of comptation and perfection
၅။ နီလာ -မေတ္တာကြီးခြင်း
Sapphire -Having much affection and love
၆။ဂေါ်မိတ် -ခွန်အားပြည့်စုံခြင်း
Zitcon -Having much strength and force
၇။ဥသဖရား -ကျန်းမာခြင်း
Topaz -Health
၈။သန္တာ -အကြီးအကဲဖြစ်ခြင်း
Coral -Being a chief or governent
၉။ပုလဲ -ကျက်သရေပြည့်စုံခြင်း
Peral -Having pride of glorg and grace

Friday, December 10, 2010

ဝီကီလိစ် - အိုင်တီနည်းပညာနှင့် နိုင်ငံရေး စစ်မျက်နှာသစ်

"စာနယ်ဇင်း ပညာသည် တိုက်ခိုက်မှု မဟုတ်၊ ဝီကီလိစ် (WikiLeaks) သည် စစ်ပွဲမဟုတ်" ဟု ဟပ်ဖင်တန်ပို့စ်တွင် ဆောင်းပါးရှင် ဂျို့စ် မူးလ်က ရေးသည်။

သို့သော် မီဒီယာသစ် (New Media) ဟု သတ်မှတ်ထားသော ဝီကီလိစ် ဝက်ဘ်ဆိုဒ်၏ ဖွင့်ချမှုများကို အမေရိကန် အစိုးရက အမျိုးသားလုံခြုံရေးကို ထိပါးစေသော "တိုက်ခိုက်မှု" ဟု မြင်လာပြီး ဝီကီလိစ်ကို ထောက်ခံသူ ဆန့်ကျင်သူများ အပြန်လှန် နည်းပညာတိုက်ခိုက်မှုများ၊ ဥပဒေကြောင်းအရ စွဲချက်တင်နိုင်ရန်၊ ခုခံနိုင်ရန် ကြိုးပမ်းမှုများအပါအဝင် "စစ်ပွဲတခု" အသွင် ဆောင်လျက်ရှိပေသည်။

WikiLeaksလော့စ် အိန်ဂျယ်လိစ် သတင်းစာကလည်း "ဝီကီလိစ် အငြင်းပွားမှုသည် ဆိုက်ဘာစစ်ပွဲကို မီးမွှေးလိုက်ပြီ" ဟု ရေးသည်။

၂၀၀၆ ခုနှစ်တွင် စတင်ခဲ့သည့် "အစိုးရများကို ဖွင့်ချမည်" ဟု ကြွေးကြော်ထားသော ဝီကီလိစ်၏ စာရွက်စာတမ်းများ ပေါက်ကြားစေမှု ပြဿနာသည် ၂၀၁၀ ပြည့်နှစ် အကုန်တွင် အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

လိင်ပိုင်းဆိုင်ရာ အဓမ္မမှုဖြင့် စွပ်စွဲခံထားရသူ၊ ဝီကီလိစ်၏ ဒါရိုက်တာနှင့် ပြောရေးဆိုခွင့်ရှိသူ သြစတြေးလျ နိုင်ငံသား ဂျူလီယန် အက်စ်ဆန်းက ဒီဇင်ဘာ ၇ ရက်နေ့တွင် လန်ဒန်မြို့၌ ဖမ်းဆီးခံလိုက်သည်။

အက်စ်ဆန်း အဖမ်းခံရပြီး ဝီကီလိစ် ဝက်ဘ်ဆိုဒ် အဆက်မပြတ် တိုက်ခိုက်ခံနေရသည့်တိုင် ကမ္ဘာတဝန်းရှိ အမေရိကန် သံတမန်ကွန်ရက်မှ လျှို့ဝှက် ပေးစာများ ဆက်လက် ဖွင့်ချနေဆဲဖြစ်သည်။

ဝီကီလိစ် အငြင်းပွားမှုများကြောင့် ဟက်ကာ တက်ကြွလှုပ်ရှားသူ (ဟက်တီးဗစ် - Hacktivist) များသည် ဝီကီလိစ်ကို ထောက်ခံသူနှင့် ဆန့်ကျင်သူဟူ၍ အုပ်စုကွဲသွားပြီး အင်တာနက် နည်းပညာများဖြင့် အပြင်းအထန် တိုက်ခိုက်သည့် အဆင့်သို့ ရောက်ရှိလာသည်။

ဝီကီလိစ်ကို ထောက်ခံသည့် ဟက်တီးဗစ်များက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အများပြည်သူ သိခွင့်ရှိသည့် အခွင့်အရေးနှင့် ၎င်းတို့အပေါ် ဖိနှိပ်မှုကို တုံ့ပြန်သည့်ဘက်မှ ရပ်တည်၍ ဝီကီလိစ်ကို ဆန့်ကျင်သည့် ဟက်တီးဗစ်များက နိုင်ငံတော် လုံခြုံရေးနှင့် စီးပွားရေးလုပ်ငန်းများ ထိုးဖောက်ခြင်းကို ကာကွယ်သည့်ဘက်မှ ရပ်တည်နေကြသည်။

ဝီကီလိစ်ကို ဆန့်ကျင်သူများက ဝီကီလိစ် ဝက်ဘ်ဆိုဒ်ကို အဆက်မပြတ် တိုက်ခိုက်သဖြင့် ကိုယ်ပွားဆိုဒ် (Mirror Site) များ ပွားထားရရာ ရာဂဏန်းမှ ရက်ပိုင်းအတွင်း ထောင်ဂဏန်းအထိ တိုးပွားလာခဲ့သည်။ ကိုယ်ပွားဆိုက်များကို တင်ထားသည့် DNS (Domain name System) များသည် လုံခြုံရေး ခြိမ်းခြောက်မှုများကြောင့် တခုပြီးတခု ပိတ်ပစ်နေရသည်။ ယခုအခါ ဝီကီလိစ် ဆိုဒ်ပွားပေါင်း ၁၃၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

ဝီကီလိစ်သည် ဝက်ဘ်ဆိုဒ်ရပ်တည်ရေးအတွက် အလှူခံစနစ်ကို ပေပယ်၊ ဗီဇာနှင့် မာစတာကတ် စသည့် အွန်လိုင်းငွေချေစနစ်များ၊ ဆွစ်ဇာလန်မှ ဘဏ်တခုတို့နှင့် ချိတ်ဆက်ထားခဲ့သော်လည်း လျှို့ဝှက်စာရွက်စာတမ်းများ ပေါက်ကြားမှု ဂယက်ကြောင့် ဥပဒေနှင့် ငြိစွန်းနိုင်သည်ဟုဆိုကာ ဝီကီလိစ်နှင့် တခုပြီးတခု အဆက်အသွယ် ဖြတ်ခဲ့ကြသည်။

ထို့ကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် ဝီကီလိစ်ကို ထောက်ခံသည့် ဟက်ကာများက ဗီဇာနှင့် မာစတာကတ် ဝက်ဘ်ဆိုဒ်များကို တိုက်ခိုက်ခဲ့ကြပြီး ပေပယ်နှင့် ဆွစ်ဇာလန်ရှိ ဘဏ်ကိုလည်း ပစ်မှတ်ထားနေကြသည်။ ယင်းသို့ တိုက်ခိုက်မှုမျိုးသည် မျိုးဆက်သစ်များအား အင်တာနက်ကို အလွဲသုံးသည့် အန္တရာယ်ကို နည်းပေးလမ်းပြသလို ဖြစ်နေသည်ဟု အင်တာနက် လုံခြုံရေး ကျွမ်းကျင်သူများက ဝေဖန်ကြသည်။

ဝီကီလိစ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်းကို ထောက်ခံသူများက "လက်တုံ့ပြန်မှု စစ်ဆင်ရေး" (Operation Payback) အဖြစ် ဆန့်ကျင်ဘက်များကို နည်းပညာဖြင့် တိုက်ခိုက်လျက်ရှိကြသည်။

နောက်ဆုံးသတင်းများအရOperation Payback ၏ တစိတ်တပိုင်းအဖြစ် အလက်စကာ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းနှင့် ၂၀၀၈ တွင် သမ္မလောင်းအဖြစ် အရွေးခံခဲ့သူ ဆာရာ ပေါ်လင်၏ ဝက်ဘ်ဆိုဒ်နှင့် ခရက်ဒစ်ကတ် အကောင့်ကိုလည်း တိုက်ခိုက်ခဲ့ကြသည်။ ၂၀၀၉ ခုနှစ် အစောပိုင်းကလည်း ဆာရာ ပေါ်လင်၏ ယာဟူးမေးလ်ထဲရှိ အကြောင်းအရာများကို ဝီကီလိစ်က ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။  

ဝီကီလိစ်ကို ထောက်ခံသည့် ဟက်ကာနှင့် ဆန့်ကျင်သည့် ဟက်ကာများ အပြန်အလှန် တိုက်ခိုက်နေကြသည်မှာ ၁၉ ရာစုနှစ်အတွင်းက အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း (Wild West) တွင် ပြိုင်ဘက် သေနတ်သမားများ အပြန်အလှန်ပစ်ခတ်ကြသကဲ့သို့ ရှိပြီး နှစ်ဘက်လုံး အထိနာကြသည်ဟု ယူအက်စ် တူဒေး သတင်းစာက ခိုင်းနှိုင်းထားသည်။

ထိုင်းအခြေစိုက် မြန်မာ အိုင်တီပညာရှင် ကိုထက်ခိုင်ကမူ ဝီကီလိစ်၏ လုပ်ရပ်ကို အပြုသဘောင်ဆောင်သည်ဟု မြင်ကြောင်း ထင်မြင်ချက်ပေးသည်။

"ဝီကီလိစ်က ဒီလို ဖွင့်ချပေး၊ တင်ပေးတာဟာ အဆင့်မြင့်တယ်လို့ ပြောလို့ရပါတယ်။ အချက်အလက်တွေကို ကိုင်ထားပြီး တိတ်တိတ် ရောင်းစားနေတာထက် ဒီလို အများသိအောင် ဖွင့်ချပေးလိုက်တာဟာ အပြစ်မြောက်တယ်လို့ မယူဆပါဘူး၊ အရင်လည်း အစိုးရ ကျောထောက်နောက်ပေးတဲ့ အဖွဲ့တွေက ဟက်နေကြတာပဲလေ။ ပြဿနာက ဘယ်သူက ဟက်သလဲ၊ ဘာကြောင့် ဟက်သလဲ ဆိုတာအရေးကြီးတာပါပဲ" ဟု ကိုထက်ခိုင်က ပြောသည်။

ဝီကီလိစ်သည် အာဖရိက အဆိပ်အတောက် စွန့်ပစ်မှု၊ စက်တင်ဘာ ၉/၁၁ အကြမ်းဖက်မှုတွင် ပင်တဂွန်စစ်ဌာနချုပ်နှင့် နယူးယောက် မြို့တော်ရဲဌာနတို့ အပြန်အလှန် သတင်းပေးပို့မှုကို အမျိုးသား လုံခြုံရေး အေဂျင်စီက ကြားဖြတ်ခိုးယူ ဖတ်ရှုမှုများ၊ အာဖဂန်နစ္စတန်နှင့် အီရတ်စစ်ပွဲမှတ်တမ်းများမှသည် ကမ္ဘာတဝန်းရှိ အမေရိကန် သံရုံးများ၏ ပေးစာများအထိ ဖွင့်ချခဲ့သည်။

ယင်းသို့ ဖွင့်ချမှုကြောင့် အမေရိကန် သံတမန် ဆက်ဆံရေးအပါအဝင် ထိခိုက်မှုများ ရှိခဲ့သည်။ အမေရိကန် သံတမန်များ၏ သက်ဆိုင်ရာ နိုင်ငံများအပေါ် အလွတ်သဘော ပြောဆိုသည့် လျှို့ဝှက် မှတ်ချက်များက အရှက်ရစရာ၊ မျက်နှာပူစရာ၊ ဒေါသထွက်စရာများ ဖြစ်နေခဲ့သည်။

ကုလသမဂ္ဂတွင် သူလျှိုလုပ်ပေးရန် ညွှန်ကြားမှု ပေါက်ကြားသွား၍ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဝေဖန်ခံရသည်။သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) က သံတမန်ရေးရာ စာရွက်စာတမ်းများ ပေါက်ကြားမှုအတွက် ဂျူလီယန် အက်စ်ဆန်းအစား အမေရိကန် အစိုးရကို ပြစ်တင်ဝေဖန်သည်။

အမေရိကန်ရှိ ဘဏ်ကြီးတခု၏ လျှို့ဝှက်စာတမ်းများ ဖွင့်ချမည်ဟု ဆိုသဖြင့် အမေရိကဘဏ်၏ စတော့ရှယ်ယာ ဈေးနှုန်းများ ချက်ချင်း ထိုးကျသွားသည်။

မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့သည် အာဆီယံတွင် တရုတ်အတွက် သတင်းပေးလုပ်နေသည်ဟု စင်ကာပူ၏ ပြောကြားချက်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဒေါ်လာ သန်းတထောင်ဖြင့် ဝယ်ယူရန် စဉ်းစားခဲ့ဖူးသည်ဟူသော ပေါက်ကြားချက်များလည်း ပါဝင်ခဲ့သည်။

ယင်းသို့ အန္တရာယ်များသည့် ပေါက်ကြားနေမှုများ၊ ဆက်လက်ပေါက်ကြားရန် ရှိနေချက်များကြောင့် ဝီကီလိစ်ကို ရပ်တန့်သွားအောင် ကြိုးစားနေခြင်းနှင့် ပတ်သက်၍ ကိုထက်ခိုင်က "ဝီကိလိစ်ဝက်ဘ်ဆိုဒ် ဘယ်တော့ရပ်မလဲ၊ ဒေါင်းသွားမလဲဆိုတာ နည်းပညာအရ တိုက်ခိုက်တဲ့သူရော ခုခံကာကွယ်တဲ့သူရော ဘယ်သူမှ အားသာတာ မရှိဘူး။ ဝီကီလိစ်ဆာဗာက ဆွစ်ဇာလန်မှာ ထိုင်ထားးတယ်။ တကယ်က ဘယ်သူတွေ ဒီဆာဗာ ရပ်သွား၊ ပိတ်သွားအောင် ဖိအားပေးနိုင်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်နေတယ်" ဟု ဆိုသည်။

မြန်မာပြည်နှင့် သက်ဆိုင်သည့် အချက်အလက်တချို့ ရှိနေကြောင်း သတင်းများ ထွက်လာပြီးနောက် ပြည်တွင်းမှ အင်တာနက်သုံးစွဲသူများကလည်း ကိုယ်ပွားဆိုဒ်များမှတဆင့်ဝင်၍ ဝီကီလိစ်ကို မွှေနှောက် ကြည့်ရှုကြကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဝီကီလိစ် မူရင်းဆိုဒ်ကို ပိတ်ဆို့ထားသော်လည်း ကိုယ်ပွားဆိုဒ်များမှတဆင့် ဝင်ရောက်ကြည့်ရှု၍ ရနေသေးသည်။

မည်သို့ပင်ဖြစ်စေ ဝီကီလိစ်သည် လက်ဝယ်ရှိနေသော လျှို့ဝှက် စာရွက်စာတမ်းများကို ဆက်လက် ဖွင့်ချသွားမည်ဟု တွစ်တာမှတဆင့် ယခုတပတ်အတွင်း ကြေညာထားပြီးဖြစ်သည်။

ဘီဘီစီကမူ ဝီကီလိစ် ပြဿနာသည် အစိုးရများ၏ အမျိုးသား လုံခြုံရေးဆိုင်ရာနှင့် ပြည်သူလူထု၏ သိပိုင်ခွင့်ရှိသည့် ပွင့်လင်းမြင်သာမှု နှစ်ခုတို့၏ ချိန်ခွင်လျှာကို စိန်ခေါ်ချက်ဖြစ်ကြောင်း သုံးသပ်ထားသည်။   

ကိုထက်ခိုင်က နည်းပညာနှင့် နိုင်ငံရေး ရှုပ်ထွေးလာမှုကို "ဟက်ကာတွေ၊ အိုင်တီ အက်တီဗစ်တွေက ဟက်ကြတယ်၊ ဝီကီလိစ်ကတဆင့် ဖောက်ချတယ်၊ ဒီအထိက နည်းပညာအပိုင်း။ ပြဿနာမရှိသေးဘူး။ ဒါပေမယ့် သူတို့ဖွင့်ချလိုက်တာမှာ နိုင်ငံရေးနဲ့ နွှယ်နေတယ်။ ဒါဟာ ပြဿနာအသစ်ပဲ။ နည်းပညာနဲ့ နိုင်ငံရေး ရောထွေးသွားပြီ။ ဒါကို ဘယ်လို ဖြေရှင်းမလဲဆိုတာ လောလောဆယ် နည်းလမ်းမမြင်သေးဘူး" ဟု သုံးသပ်ချက်ပေးသည်။

  ရေးသူ http://www.sbsangpi.com/

Saturday, November 13, 2010

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း NLD က ပြောကြား

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း NLD က လူထုကို ထုတ်ဖော်ပြောဆို လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့တွင် လာရောက် စောင့်ဆိုင်းသည့် လူအုပ်မှာ များပြားသည့် အတွက် ရှေ့နေ ဦးဉာဏ်ဝင်းက မေတ္တာရပ်ခံ ပြောဆိုနေရ ကြောင်း သိရသည်။

လူအုပ်ထဲမှာ ကြံ့ဖွတ်တွေရောပါနေတယ်
ဒီပဲယင်းလို အဖြစ်မခံရအောင် အားလုံးမှာ တာဝန်ရှိသည်.......
လက်ရှိအခြေအနေအရ
နယ်အသီးသီးမှ နိုင်ငံရေးအဖွဲ့အစည်းများရန်ကုန်တွင် စုဝေးရောက်ရှိနေ .......
အဘတို့က လူစုခွဲခိုင်းထားပါတယ် ... ဒီနေ့ မိန်ခွန်း ပြောပေးနိုင်တော့မှာ မဟုတ်လောက်ဖူးလို့ သိရပါသည်။

လူစုခွဲပေးကြဖို့ CEC မှ ထပ်မံ တိုက်တွန်းပြောဆို -------- မနက်ဖြန် ၁၂ နာရီမှာ NLD အဖွဲ့ချုပ်ရုံးကို လာကြာဖို့ လူထုကို ပြောကြားလိုက်ကြောင်းသိရပါသည်။
http://www.humanright-myanmar.com

Tuesday, June 29, 2010

Blog တွင် Background အမျိုးမျိုးဖြင့် Post တင်ခြင်း




ဒီ background လေး ထည့်ပြီး ပို့စ် တင်တော့ ကိုယ်ရဲ့ ...ပြောချင်တာကို ထိရောက်ခြင်း၊ သရုပ်ဖော် တင်ပြခြင်း၊ စသည့်
အနုပညာဆန်ဆန် ပို့စ်လေးတွေ ဖန်တီးနိုင်မယ်ပေါ့...




Saturday, May 29, 2010

ထက်ထက်မိုးဦး တကယ်ပဲ မလွန်ဘူးလား တဲ့


  • အနုပညာရှင် Celebrity တစ်ယောက်က မီဒီယာသမား တစ်ယောက်ကို
ကျူးလွန်ခြင်းမျိုး မြန်မာမီဒီယာလောကတွင် ယခင်က
ဖြစ်ပွားခဲ့သည်ဟု မကြားမိကြောင်း......တဲ့
  • မေးတဲ့သူကမေးပြီး ရိုက်တဲ့သူကရိုက် ဖွတဲ့သူကဖွ ပိတ်တဲ့သူကပိတ် ဖတ်တဲ့သူကဖတ်
ငြင်းတဲ့သူကငြင်း ရှင်းတဲ့သူကရှင်း

ပြီးတော့လည်း ပြီးသွားတာပါပဲ.......တဲ့
  • ကိုယ့်အမှားကိုယ်အပြန်အလှန်တောင်းပန်ကြေအေးလိုက်ကြရင် ဘယ်လောက်များ ငြိမ်းချမ်းလိုက်မလဲလေ* .....တဲ့
  • အခုကိစ္စလဲ ဘော်လုံးပွဲနှင့် နှိုင်းယှဉ်ပြီး စဉ်းစားပါဦး..သေချာတာကတော့ ကိုယ်ထိလက်ရောက် ကြူးလွန်သူကတော့ အနီကပ်ပါပဲ...တဲ့
  • မိန်းမ ချင်းမိုလို့ ပါးရိုက်တာ..ယောင်္ကျားချင်းဆို ဖက်ကိုက်မှာ...တဲ့
ဖော်ဝဒ်မေးလ် တွေ၊ ဘလော့တွေ မှာ top ဖြစ်နေတဲ့ .....သတင်းလေ....
ပြောချင်တာ ရှိရင် အဲဒီမှာ သွားပေါက်ကွဲလိုရတယ်...လက်တော့မပါနဲ့

အားနေတဲ့သူများ စစ်တမ်းကောက်ထားတယ်
နောက်ဆက်တွဲ သတင်းသိချင်ရင်

Wednesday, May 19, 2010

manual proxy အသစ်လေးများ

203.81.81.38 >> 80
203.81.81.49 >> 80
212.93.193.88 >> 443
212.116.220.100 >> 443
212.93.193.89 >> 443
212.93.193.90 >> 443
134.153.184.17 >> 443
212.116.220.149 >> 443
192.18.102.59 >> 443
212.93.193.82 >> 443
212.93.193.83 >> 443
212.93.193.72 >> 443
ဘာ Program မှ ခံသုံးစရာ မလိုပါ . (freedom နှင့်အခြားသော program များကိုဆိုလိုသည်)
  • Tools >> options >> advanced ကို သွားပြီး Network ကို ရွေးလိုက်ပါ .
  • setting ကို ရွေးပါ .
  • (4)ကြောင်းမြောက်က manual proxy configuration: စာကြောင်းရဲ့ အောက်မှာ ရှိတဲ့ HTTP Proxy : နဲ့ Port: အကွက်မှာ အခုပေးထားတဲ့ proxy no. နဲ့ Port ကို သာထည့်လိုက်ပါ .
  • ဘာ software မှ ခံစရာမလိုတော့ပါဘူး . အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ် .

တစ်ပတ်အတွင်း အထူသတင်း (၁၂-၀၅-၂၀၁၀)

အကြောင်းမညီညွတ်သဖြင့် ဘောင်းဘီချွတ်ထားရသော မနုဿီဟပါတီ ဥက္ကဖြစ်သူ ငပေါဂေဟာ ဝန်ကြီးချုပ်သည် ယမန်နေ့က အင်တာနက်တိုင်း အွန်လိုင်းကျေးရွာတစ်ခုတွင် မဲဆွယ်စည်းရုံးမှုများကို အတင်းလုပ်ဆောင်သွားကြောင်း အတင်းတုတ်ရပါသည်။

ဝန်ကြီးချုပ်သည် အဆိုပါ ကျေးရွာအတွင်း တစ်အိမ်တက်ဆင်း တံခါးခေါက်ပြီး မနုဿီဟ တံဆိပ်ပါ ကလေးဝတ် စွပ်ကျယ်များကို စည်းရုံးရေးဆင်းသည့် အနေဖြင့် ဝေငှသွားကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်က ၎င်းဦးဆောင် တည်ထောင်သော မနုဿီဟ ပါတီကို မဲများများထည့်ရန်နှင့် ၎င်းပါတီ အနိုင်ရပါက ဒေသတွင်း ရေရှားပါးမှုကို ဖြည့်ဆည်းပေးသည့်အနေဖြင့် တစ်အိမ်လျှင် ရေသန့်ပုလင်း (1 Liter) တစ်လုံးစီ ပံ့ပိုးသွားမည်ဟု သိရှိရပါသည်။

ဒေသခံတို့အား ဝန်ကြီးချုပ်က... မနုဿီဟသည် လူတစ်ပိုင်း ခြင်္သေတစ်ပိုင်း ဖြစ်သည့်အပြင် တင်နှစ်ခွရှိသည့်တွက် ဂေဟာ၏ အကျိုးကိစ္စများကို ဝန်ကြီးချုပ်သက်တမ်း ကုန်သော်လည်း ဆက်လက်ပြီး တင်ပါးပြောင်း လွှဲယူနိုင်သဖြင့် ဂေဟာအကျိုးများဖွယ် ရှိကြောင်း ပြောကြားသွားပါသည်။

အဆိုပါ ဒေသမှ ပြန်မထွက်ခွာမီ ဘောင်းဘီဝတ်အကျင့်မပျောက်သေးသော ဝန်ကြီးချုပ်သည် ထုံးစံအတိုင်း လိုအပ်သည်များကို မှာစားပြီး ကျန်တာများကို အိမ်သူပိုင် အထုပ်ဆွဲသွားပါသည်။

ဤတွင် တစ်ပတ်အတွင်း အထူသတင်းများကို ကြေညာလို့ ပြီးပါပြီ။

အကောင်းဆုံး အစုအဖွဲ့ ၂၀၀၉ ဘလော့ဆုရ ငပေါဂေဟာ

Tuesday, May 18, 2010

Nokia ဖုန်းတွေဟာ Original ဟုတ်လားမဟုတ်လားဘယ်လိုကြည့်နိုင်မလဲ?ဒီလိုကြည့်ပါ

Nokia ကုမ္ပဏီဟာ တကမ္ဘာလုံးမှာ အကြီးဆုံးဖုန်းထုတ်လုပ်ရေးကုမ္ပဏီကြီးပါ။ ဒါပေမယ့် များသောအားဖြင့် ကျနော်တို့ဆီမှာရှိတဲ့ Nokia ဖုန်းတွေက Original Quality ကိုမမှီတဲ့ဖုန်းတွေများပါတယ်။ ဒါဆိုရင် ကျနော်တို့ရဲ့ Nokia ဖုန်းတွေဟာ Original ဟုတ်လားမဟုတ်လားဘယ်လိုကြည့်နိုင်မလဲ? ကျနော်ပြောပြပါ့မယ်။ သင့်ဖုန်းရဲ့
IMEI (International Mobile Equipment Identity) နံပါတ်ကိုစစ်ကြည့်ယုံနဲ့ သိနိုင်ပါတယ်။

ပထမ အဆင့်အနေနဲ့ *#06# လို့သင့်ဖုန်းမှာရိုက်ထည့်လိုက်ပါ။ Serial No. တစ်ခုပေါ်လာပါလိမ့်မယ်။

Phone serial no. x x x x x x ? ? x x x x x x x

အဲဒီနံပါတ်ထဲက ၇ လုံးမြောက်နဲ့ ၈ လုံးမြောက် နံပါတ်တွေကို ကြည့်ရမှာပါ။

တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 02 သို့မဟုတ် 20 ဆိုရင် သင့်ဖုန်းဟာ Emirates ကထုတ်တာဖြစ်ပြီး အရမ်းကိုညံ့ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 08 သို့မဟုတ် 80 ဆိုရင် သင့်ဖုန်းဟာ ဂျာမနီ ကထုတ်တာဖြစ်ပြီး သုံးဖို့ သင့်တော်ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 01 သို့မဟုတ် 10 ဆိုရင် သင့်ဖုန်းဟာ ဖင်လန်နိုင်ငံ ကထုတ်တာဖြစ်ပြီး အရမ်းကောင်းပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 00 ဖြစ်ခဲ့ရင် သင့်ဖုန်းဟာ Original စက်ရုံကထုတ်တာဖြစ်ပြီး အကောင်းဆုံး Quality ရှိပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 13 ဆိုရင်တော့ အဇာဘိုင်ချန် ကထုတ်တာဖြစ်ပြီး အရမ်းညံ့တဲ့အပြင် ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိပါတယ်။ သုံးဖို့မသင့်တော်ပါဘူး။
ရေးသူ ရှိုင်း

Monday, April 19, 2010

ဦးသန့်(ကုလအတွင်းရေးမှုးချုပ်)

ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို
နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာ့အရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှမ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ့ ( ၁၇ ) ဘွဲ့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၉၄၉ ၀ဏကျော်ထင်ဘွဲ့မြန်မာနိုင်ငံအစိုးရ
၁၉၅၃ သီရိပျံချီ ဘွဲ့မြန်မာနိုင်ငံအစိုးရ
၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
၁၉၆၄ ဇူလိုင် ၃၀ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့(LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်

မြန်မာသူငယ်ချင်းများ
Photobucket

မြန်မာတို့ရဲ့ သင်္ကြန်
မြန်မာတို့ရဲ့ ဟန်
နန်းဆန်မပျက် ပျော်ရွှင်ခဲ့ ရှေးရက်အချိန်ခါပင်...

ကူးပြောင်း အခါမှီ
ငြိမ်းအေး စေရည်
ဖြန်းပက်ရေစင် အေးချမ်းခဲ့ မြဲစဉ်နှစ်သစ်ကြိုခဲ့စဉ်...

ပန်းပတောက် ပွင့်ဖူး
ရာသီတန်ခူး
ငှက်သြတွန်းကြူး ထူးမှတ်ခဲ့ ရောက်မြဲ ဒီအချိန်ပင်...


မိုးနတ်နွယ်
ကဗျာလေးတွေကို မြတ်နိုးလို့ အမြဲဖတ်ဖြစ်သည်လည်းရှိသည်၊ ကိုယ်တိုင်ခံစား ရေးဖွဲ့ဖြစ်သည်လည်း ရှိမည်။
နှလုံးသားလှသူများလည်း ကဗျာတွေကို မြတ်နိုးတွယ်တာကြတယ်ဆိုရင်တော့ စုစည်းရစ်နှောင်အပ်သည့် စေညွှန်းရာ
ရင်ခွင်သို့ လာစေချင်ပါတယ်၊မိုးနတ်နွယ်

Sunday, February 28, 2010

ဆွေးနွေချက်လေးတစ်ခုပါ

စာ
စာဖတ်သူတဦးထံမှ အကြံပြုစာ
"ကျွန်တော်တို့ တိုင်းပြည်မှာ အင်ဂျင်နီယာတွေ၊ Scientists တွေ၊
ရူပဗေဒပညာရှင်တွေ ပိုလိုအပ်နေပါတယ်။
ဒါပေမယ့်ဆရာဝန်တွေသာဖြစ်ချင်တဲ့သူများနေတာတော့ ၀မ်းနည်းစရာပါ။ စာတော်ရင်
ဆရာဝန်ဖြစ်ရမယ် ဆိုတဲ့ အယူအဆမှားကြီးကလည်းလူတိုင်မှာရှိနေတာတော့မကောင်းဘူးဗျာ။
အရည်အချင်းရှိတဲ့ ပညာရှင်တွေပေါ်ထွက်လာကြပါစေဗျာ ။ဒီလို မေးတွေပို့မဲ့အစား လူတွေကို ပညာပေးနိုင်တဲ့မေးလ် မျိုးပို့ကြပါလား။"

Sunday, February 21, 2010

Google Buzz အကြောင်းသိသမျှလေးပြောပြလိုက်ပါတယ်ဗျာ.

ကျွန်တော်လည်းအရမ်းသိလို့မဟုတ်ပါဘူး.အတွေ့အကြုံလေးကိုမျှပေးလိုက်ပါတယ်..
Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။ အဓိကကတော့ privacy လုံးဝကို
မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို
သူတို့ တိတ်တိတ်လေးနေ့ ပြင်နေတာ အများကြီးပဲ။

Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။
follow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန်
ဖတ်လို့ရသွားပြီ။ ကျွန်တော် မတင်ဘဲနဲ့လဲ အခြား Google က services တွေ မှာ
ကျွန်တော်လုပ်သမျှ Buzz မှာ update လုပ်နေတယ်။ ဥပမာ Google Reader မှာ
တစ်ခုခု share တာမျိုးကို အကုန်ကြည့်လို့ ရနေတယ်။ နောက် Gtalk Status
message ကိုလဲ update လုပ်တယ်။

Google Profile မှာ ကိုယ့်ဖြည့်ထားသလောက် information ကလဲ လူတိုင်းကြည့်လို့ရနေပြီ။

မိန်းမကောင်းအင်္ဂါ ၆၄ ရပ်

ယင်းတို့ ကား
(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ ..............................
........ ၁၆ ရပ်
(၃)စိတ်လက္ခဏာ ...................................... ၆ ရပ်
(၄)လက်ဖ၀ါးလက္ခဏာ .................................... ၉ ရပ်
(၅)လည်ပင်းလက္ခဏာ ..................................... ၁ ရပ်
(၆)အသံလက္ခဏာ ...................................... ၃ ရပ်
(၇)မျက်နှာလက္ခဏာ ...................................... ၈ ရပ်
(၈)သွားလက္ခဏာ ...................................... ၁ ရပ်
(၉)မျက်စေ့လက္ခဏာ ...................................... ၄ ရပ်
(၁၀)ဆံပင်လက္ခဏာ ...................................... ၃ ရပ်

Friday, February 19, 2010

ယခုဘယ်ခေတ်လဲ

Generation Y ဆိုတာဘာလဲ?
အရင်က ဘာကိုဆိုမှန်း မသိခဲ့၊ အခုတော့ဘလော့တခုမှာ
တွေ့လို့ ဝေမျှလိုက်ပါတယ်...
-၁၉၄၆ ခုနှစ် မတိုင်ခင် မွေးဖွားလာသူတွေကို the
silent generation
-၁၉၄၆ မှ ၁၉၅၉ ခုနှစ် ကြား မွေးသူတွေကိုတော့ the
baby boomer generation လိုခေါ်ပြီး
-၁၉၆၀ မှ ၁၉၇၉ ခုနှစ် မွေးသူကို generation X တဲ့
-၁၉၈၀ နောက်ပိုင်း မွေးသူတွေကိုတော့ generation Y
လို့ခေါ်တယ်ဆိုတာ သတ်မှတ်ချက်လို့ ထင်ထားခဲ့
ပေမယ့် ဘာကြောင့်ခေါ်သလဲဆိုတာ ကာတွန်းဆရာ ရဲ့
သရုပ်ဖော်ပုံတွေတော့မှ သဘောပေါက်တော့တယ်.... :)

Sunday, January 31, 2010

HTML color code လေးပါ

ရှာဖွေထားတဲ့ HTML color code လေးတွေပါ ၊ အသုံးတဲ့မယ်ထင်လို့ တင်ပေးလိုက်ပါတယ် ၊
အရောင် နာမည်လေးတွေပါ တွဲပြီးပါ ပါတယ်၊
ကျေးဇူးတင်ပါတယ်၊

အရောင်စုံ စာလုံးလေးတွေ ရေးရအောင်

စာလုံးလေးတွေကို အရောင် စုံ ရေးကြည့်ရအောင်ပါ
ဒီရေးနည်းလေး သိသွားရင်
တခြားသူစာမျက်နှာထဲ
ကျွန်တော်တို့ သွားလည်တဲ့ အခါ
ရောင်စုံစာလုံးလေးတွေ နဲ့  လှလှလေး
မှတ်ချက်ပေးနိုင်တာပေါ့နော်
ကဗျာ လေးတွေကို လဲ
ဒီ Code လေးတွေသုံးပြီး အရောင်စုံပါတဲ့
ကဗျာလေးတွေတွေ ရေးနိုင်တာပေါ့
ရေးနည်းက လွယ်ပါတယ်
ကိုယ်အရောင်ပြောင်းစေချင်တဲ့  စာလုံးကို
အောက်မှာ ပြထားသလို Code လေးနှစ်ခုနဲ့ ညှပ်လိုက်ရုံပါပ
ဥပမာ
Love ဆိုတဲ့ စာလုံးလေးကို
အနီရောင်လေးနဲ့  ရေးချင်တယ်ဆိုရင်
LOVE ဆိုတဲ့ စာလုံးလေးကို

< font color="red"> LOVE </font>

ဆိုပြီး အဲဒီ HTML Code လေးနဲ့  ညှပ်လိုက်တာနဲ့  အခုလို အနီရောင်လေးပြောင်းသွားပါလိမ့်မယ်

LOVE

အနီရောင်ပြောင်းချင်လို့ red လို့ ရေးတာပါ
red ဆိုတဲ့ နေရာမှာ ကိုယ် ပြောင်းချင်တဲ့ အရောင်ကို ပြောင်းရိုက်လို့ရပါတယ်
နမူနာ စာလုံးလေးတွေ ရေးပေးထားပါတယ်
လေ့လာကြည့်ပါ
လွယ်ပါတယ်
ကိုယ်လိုချင်တဲ့ စာလုံး ရဲ့  အောက်က
Code လေးတွေကို Copy ကူးပြီး
ကိုယ်ရောင်စုံစာလုံးလေးတွေ ပေးချင်တဲ့သူရဲ့
စာမျက်နှာထဲက "တခုခု ပြောမယ်" ဆိုတဲ့ Box လေးထဲမှာ
Paste လုပ်လိုက်ရုံပါပဲဗျာ
ကဲ

Saturday, January 23, 2010

ကာတွန်းဝင်းမြင့်အောင်၊ ရေးသူမသိ

''

''ခေတ်ဆန်သူ တပည့်မတို့ သတိရပေရှာ၊ အဓိက စေတနာငယ်၊ မေကညာခင်ထွေး။ ဆရာမ လွန်ကြင်နာလျှင်၊ သွန်သင်တာ မှတ်တော့ မနှေး။ ကာလဖြင့် ပျက်ချင်ပြီ၊ ဖက်ရှင်တွေ ရှုပ်ထွေး၊ အရှက်တွင် အဟုတ်ဝေးပါပေါ့၊ လှုပ်လှုပ်ကလေး တုံတုံ။ ဖန်ပေါင်းချောင် ရေအတွင်း၊ ရွှေငါးကြင်း လွတ်သည်သို့ကြုံ။ အင်္ကျီက အပါးစုံသည်၊ အသား ပုံဝါဝင်းလို့၊ ကျပ်တင်းတင်းတရားကွာ၊ ခါးကတစ်ထွာ။ မောင်အဘ အားနာလျှင်၊ မှားတာကို ပြင်ကြစို့လေး။ မြန်မာညွန့်ညှိုး မကုန်အောင် အမျိုးဂုဏ် ဆယ်ကြစို့လေး''

ထာဝရ သူငယ်ချင်းများဆုံဆည်းရာ

ပိတ် ထားတာတွေ ဖွင့်မလား

Access has been denied ကိုကျော်မယ်

နည်းပညာဆိုက်တွေ တော်တော်များများကို blogspot , wordpress နဲ့လုပ်ကြပါတယ်အခုဒီ အတိုင်းကြည့်မယ်ဆိုရင်ဖွင့်ကြည့်လို့မရပါဘူး Access has been denied ဆိုပီး ပေါ်ပါလိမ့်မယ်။အဲဒါ လေးကိုကျော်နည်းလေးပြောပြပါမယ်အခု ကျွန်တော် blogspot ဆိုက်တခုကိုကျော်ပြပါမယ်အခုဒီ ဆိုက်လေးကိုဖွင့်လိုက်ပါ

www.nyaalinkarr.blogspot.com

အခုလောလောဆယ်ကြည့်ရင်အောက်ကပုံအတိုင်းပေါ်ပါလိမ့်မယ်

အဲဒါ ကိုကျော်ဖို့အတွက်ပထမဆုံး Firefox ရဲ့ Tools ထဲက Options.. ကိုဖွင့်လိုက်ပါ
အဲထဲမှာ Main ..,tabs.. ဆိုပီး (၇)ခုရှိပါတယ် အဲထဲက Advanced ကိုရွေးပါ
Advanced ထဲမှာ general,network...ဆိုပိးလေးခုရှိပါတယ် အဲထဲကမှ network ကိုရွေးလိုက်ပါ ရောက်ပီဆိုရင်အောက်ကပုံအတိုင်းပေါ်ပါမယ်


network ကိုရွေးလိုက်ရင်ညာဖက်မှာ Setting ဆိုတာတခုရှိပါတယ်
အဲဒါ ကို ကလင့်လိုက်ပါအောက်ကပုံအတိုင်း manual proxy configuration ကို ရွေးလိုက်ပါ
HTTP proxy ရဲ ညာဖက်ကဘောက်လေးထဲမှာ 212.93.193.89
Port မှာ ကတော့ 443
ဆိုပီးထည့်ပေးလိုက်ပါ
ဒီပုံအတိုင်းပေါ့


အားလုံးပိးပီဆိုရင် Ok နိုပ်ပီးရင်
အခုဒီ ဆိုက်လေးကိုပြန်ဖွင့်လိုက်ပါ

http://\www.nyaalinkarr.blogspot.com


အိုကေသွားမှာပါ ဆိုက်တော်တော်များများကိုဒီနည်းလေးနဲ့ကျော်လို့ရပါတယ်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျော်လို့ရတဲ့ဆိုက်လင့်တွေပါ

1 http://letsproxy.com
2 http://www.e-sentiment.net/proxy/
3 https://www.acmeserv.com

Proxy နံပတ်တွေပါ (အစားထိုးလို့ရအောင်)
1 212.93.193.88 port 443
2 212.93.193.89 port 443
3 212.93.193.72 port 443



ဒီလောက်ဆို အဆင်ပြေမှာပါ
ဘာဆော့ဝဲမှ သုံးစရာမလိုဘဲ အလွယ်ကူဆုံးကျော်နည်းလေးပါ
လေ့လာနေသူများအတွက် တစ်ဖက်တစ်လမ်းက အကျိုးရှိပါစေဗျာ

www.nyaalinkarr.blogspot.com

အင်တာနက် ဆိုင် မှာ သတိပြုစရာ

ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက် ၅ ဆ
ပိုညစ်ပတ်ပါသတဲ့ ။

မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသော သုသေသန
လုပ်ဆောင်ချက်တခုကနေ ရရှိလာတဲ့ Reslut တခုပါ၊

Computer တခုရဲ့  Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွား
ရှင်သန်နိုင်ကြောင်း လေ့လာတွေ့ ရှိရသည်။

ထို Bacteria များသည် လူတို့ အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲ တွင်မအီမသာဖြစ်
ပြီး ၀မ်းလျောခြင်း ) မှ အစ သေစေနိုင်လောက်သည့် ရောဂါ များ အထိ ဖြစ်ပွား ပျံ
့နှံ့ စေနိုင်သည်။


ပြီးခဲ့ သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိသူမသိ
အဖြစ်အပျက်လေးတခုဖြစ်ပျက်ခဲ့ သည်။


တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ်
တစ်ဦးကို ဆုံးပါးသွားစေခဲ့ သည်။

Wednesday, January 20, 2010

ဘန်းထားတဲ့ ဘလော့လေး ကြည့်နည်း

ခင်ဗျားရဲ့ ဘလော့ခ်လေးအပိတ်ခံရရင် ကြည့်လို့ရအောင်လုပ်တဲ့နည်းလေးပါ။ Google Reader ကို အသုံးပြုရမှာ။ Google Reader ထဲကိုဝင်၊ ကိုယ့် ဘလော့ခ်ကို subscribe လုပ်ပါ။ ပြီးတော့ Folder တစ်ခုဆောက်ပြီး အဲဒါကို share ပေးလိုက်ပါ။ Google Reader က share link လေးထုတ်ပါလိမ့်မယ်။ ဒီ blog လေးကို ကျော်ခွပြီး ၀င်နေရသူများ အောက်ပါ link ဖြင့် update များကို အမြဲတမ်းကြည့်နိုင်ပါပြီ။
http://www.google.com/reader/shared/user/09660511293674232366
/label/Diary%20of%20IT%20Men

ထို link သည် Google Reader မှ ထုတ်ပေးသော link ဖြစ်ပါသည်။
မှတ်ချက်။ ဘလော့ခ်ပိုင်ရှင်များ အထက်ပါနည်းအတိုင်းလုပ်ကြည့်ပါ။ အဆင်မပြေမှုများရှိပါက email ပို့ကြပါကုန်။

0 comments

မေးလ်မှ post တင်ခြင်း

blogger တွေ ဘလော့ခ်တင်မယ်ဆိုရင် ကျော်ခွနေရတာကို စိတ်မရှည်ဖြစ်နေရင် ဒီနည်းလေးကို စမ်းကြည့်ပါ။ ပထမဆုံးတစ်ခါတော့ blogger.com ကို ရအောင်ဝင်လိုက်ပါ။ ပြီးရင် ကိုယ့် username နဲ့ password နဲ့ဝင်။ ပြီးရင် Setting ကိုနှိပ်ပါ။ အဲဒီမှာ Mail-to-blogger Address ဆိုတဲ့ textbox လေးရှိပါတယ်။ အဲဒီမှာ ကိုယ့်ရဲ့ username ရယ်၊ နောက်မှာ textbox လေးရယ်၊ @blogger ရယ်ဆိုပြီး ရေးထားပါလိမ့်မယ်။ အဲဒီ textbox မှာ ကြိုက်တဲ့ secret word လေးရိုက်ထည့်ပါ။ အဲဒီ email address ကိုမှတ်ထားပါ။  ပြီးရင် Save Setting ကိုနှိပ်ပါ။ Gmail ကိုဖွင့်ပါ။ To address မှာ စောစောက email address ကိုရိုက်ပါ။ Subject နေရာမှာ ကိုယ့် post ခေါင်းစဉ် ရိုက်ပါ။ Body မှာတော့ post စာသားတွေထည့်ပါ။ ပြီးရင် Send လိုက်တော့ပေါ့။ ပုံတွေထည့်ချင်ရင်တော့ Attachment လုပ်ပါ။ ကိုယ့် Blog မှာ ချက်ချင်းပေါ်ပါလိမ့်မယ်။ ဒီ Post လေးကိုတောင် Gmail ကနေ တင်ထားတာ။

Friday, November 13, 2009

ဖျားနာနေတဲ့ မုတ်သုန်မြို့

ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် ဘုံဘ၀ အစုံပါတဲ့ မြိ့တစ်မြို့ကိုပြပါဆိုရင်တော့ ဘင်္ဂလားပင်လယ်အော်ကို အထက်စီးက ကြည့်နေတက်တဲ့ ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့၊ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ ဒေါ်လာ ၁၅၀ တန် ညအိပ်ခန်းတွေ ရှိသလို ငွေငါးရာနဲ့ကျောတစ်ခင်းစာလည်း ရနိုင်တဲ့မြို့။ တစ်ချိန်တုန်းကတော့ အတိတ်ပီပီ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေရှိခဲ့ဖူးတယ်။ဒါပေမယ့် အဲဒီ ဈာပနက အဖြူအမည်း ကားချပ်တွေထဲမှာ ခပ်ဝါးဝါးသာ ဆတွေးနိုင်တဲ့ အခြေနေ။ တစ်မြို့လုံးမှာ အပေါဆုံးက ကြွပ်ကြွပ်အိတ်နဲ့ kTV လို့ အဲဒီမြို့သားတစ်ယောက်က နာနာကျည်းကျည်း မှတ်ချက်ချတယ်။

အဖေ အကြောင်း

ကျနော်……
၎ နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တက်တယ်။
၅ နှစ်…………….. ငါ့ဖေဖေကြီး မသိတာ ဘာမှမရှိဘူး။
၆ နှစ်…………….. ငါ့အဖေက မင်းအဖေထက် တက်တယ်ကွ။
၈ နှစ်………………ငါ့အဖေက အကုန်လုံးတော့လည်း အတိကျ မသိဘူး။
၁၀ နှစ်…………….အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့ကတခြားစီပဲ။
၁၂ နှစ်…………… အင်း အဲဒါတော့ အဖေလည်းဘယ်သိပါ့မလဲ၊
သူကအသက်သိပ်ကြီးပြီဆိုတော့ ကလေးတုန်းကအကြောင်းတွေမမှတ်
မိနိုင်တော့ဘူး။
၁၄ နှစ်…………… အဖေတော့ထည့်ပြောမနေနဲ့၊ သူကရှေးရိုးသမားကြီး။
၂၁ နှစ်…………….အဘိုးကြီးလား…ထားပါ၊လုံးဝအောက်နေပြီ။
၂၅ နှစ်…………… အဖေလည်း နည်းနည်းပါးပါးတော့ သိတယ်၊ မသိလို့လည်း မဖြစ်ဘူးလေ၊
လူကြီးပဲဟာ။
၃၀ နှစ်………….. အဖေကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ်၊ဘာပြော
ပြော သူကအတွေ့အကြုံ အများကြီးရှိတယ်။
၃၅ နှစ်…………. အဖေနဲ့ တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက် ငါတခုခု လုပ်နိုင်မယ်။
၄၀ နှစ်…………. အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲ မသိဘူး၊ အဖေက အတွေ့အ
ကြုံစုံတယ်၊ အမြော်အမြင်လည်း ရှိတယ်။
၅၀ နှစ်………….. ဒီကိစ္စ အခုနေသာ ဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ
ငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်းသတိ
မထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ်၊ တကယ်ဆို ငါအဖေ့ဆီကအ
များကြီး ရလိုက်ဖို့ ကောင်းတယ်။


(မူရင်း။ ။Ann Lander ၏ My Father When I Was…) ကို… ဆရာ ဖေမြင့် ပြန်ဆိုသော
နှလုံးသား အာဟာရ (ရသစာများ) မှ….

Sunday, September 27, 2009

လပြည့်ည

အေးမြကြည်လင် ထက်ကောင်းကင်တွင်
တိမ်ညိုကင်းပ လပြည့်တစ်ည….တုန်းက
………………….. ………………..
သူရယ်..ကိုယ်ရယ်…….
ကျောင်းသွားဘုရားတက် တူစုံမပျက်ခဲ့
မြင်ယောင်တမ်းတ လပြည့်တစ်ည…..အခါက….

လမင်း ကြယ်စင် ထက်ကောင်းကင်ဝယ်
တူယှဉ်ယံခ လပြည့်တစ်ည…..မယ်..

မြတ်ဘုရားထံပါး နှစ်ကိုယ်ထားခဲ့
ရည်ရွယ်မှန်းဆ လပြည့်တစ်ည…မှာ…
ဘ၀ဆက်ဆက် ပေါင်းဖက်ရည်စူး
ဆုထူးပန်သ လပြည့်တစ်ည…မှာ..

မီးပုံး ရောင်စုံ ထွန်းညိတုန်းက
နှစ်ကိုယ်တူချစ်အမျှ လပြည့်တစ်ည…..က..
ရောင်စုံထွန်းပ ပွဲတော်တစ်ည….အခါ…
အာကာပြင်မှာဝင်းပ လပြည့်အလှ…ထက်
(ကိုယ့်ရဲ့)ရင်ခွင်နန်းက ချစ်သူ့ရဲ့အလှ…က
တုယှဉ်မှန်းဆ အနိုင်းမဲ့ည….ပေါ့…

မျှော်လင့်မထား တစ်ကမ္ဘာခြားမှာ
ပုန်းရှောင်သူလွမ်းရ လပြည့်တစ်ည…ရယ်..
တိမ်ဖုံး“လ”မသာ အမှောင်ကမ္ဘာမှာ
ရင်ကွဲနာကျ လပြည့်တစ်ည…ပေါ့….



မိုးလေး

Sunday, July 26, 2009

64forSuu


အမေ့ရဲ့ မွေးနေ့
မေ့ပြစ်ဖို့ သူတို့ကြိုးစား
မမေ့နိုင်တဲ့ ကမ္ကာမြေက
အခမ်းနားဆုံး လုပ်ပေးပြီး....
ဆုမွန်ကောင်းတွေ တောင်းပေးတာ....
လာမယ့်မွေးနေ့မှာ....
အိမ်မက်တွေ တကယ်ဖြစ်
သူ့ချစ်တဲ့ လူတွေနဲ့ ပျော်ရွှင်စွာ
မြေမြန်မာမှာ အောင်နိုင် ရစေသား .....
azm

Tuesday, May 26, 2009

တရားအလျူ

http://theinngu.org သဲအင်းဂှူဆရာတော်
http://www.mahasi.org/mm မဟာစည်(၁)
http://www.mahasi.org မဟာစည်(၂)
http://www.dhammaceti.org/home.htm ဘုန်းဘုန်းကောသလ္လ
http://www.dhammaduta.net အရှင်ပညိသာရ-ဓမ္မဒူတ
http://www.shweparami.net အရှင်ဆန္ဒဓိက
http://www.yawainwe.net အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)
http://www.mettashin.com အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ-၁)
http://www.mettashin.dhammathukha.com/index.php?option=com-content&view=frontpage အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ-၂)
http://www.shwehinthar.com/buddhism ရွှေင်္ဟသာဆရာတော်
http://www.sitagu.org/home သီတဂူဆရာတော်
http://www.pilotsayadaw.net အရှင်ဇေယျပဏ္ဍိတ-ပိုင်းလော့ဆရာတော်
http://www.chanmyay.org ချမ်းမြေ့ဆရာတော်
http://www.majjhimagonyi.info အရှင်ကောဝိဒ-မဇျွိမဂုဏ်ရည်
http://www.paauktawya.org ဖားအောက်တောရဆရာတော်
http://www.phyusayadaw.com ဖြူးဆရာတော်
http://www.theravada-3p.org ဆရာဦးမြင့်လွင်-သန့်တည်ပွား
http://www.mogokinsightny.org မိုးဂုတ်ဆရာတော်ဘုရားကြီး
http://www.realenlightenment.org အရှင်ဥတ္တမသာရ
http://www.lknt.org အရှင်လောကနာထ
http://www.lknt115.blogspot.com အရှင်လောကနာထ http://www.kathitwinemyanmar.blogspot.com ကသစ်ဝိုင်ဝိပသာနာ ဓမ္မရိပ်သာ
http://www.dhammaduta.co.cc အရှင်ဆေကိန္ဒ-ဓမ္မဒူတ
အလှူတကအလှူတွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။
ဖြန့်ဝေပေးခြင်းဖြင့် တရားအလှူပြုလုပ်ပေးနိုင်ပါသည်။

Sunday, May 3, 2009

အထိမ်းအမှတ်ပွဲများ

1st year paper jubilee
2nd year calico jubilee
3rd year leather jubilee
4th year silk or book jubilee
5th year wood jubilee
6th year iron jubilee
7th year copper or brass jubilee
8th year bronze jubilee
9th year pottery jubilee
10th year tin jubilee
11th year steel jubilee
12th year linen jubilee
13th year lace jubilee
14th year ivory jubilee
15th year crystal jubilee
20th year chinawere jubilee

25th year silver jubilee
30th year pearl jubilee
35th year coral jubilee
40th year ruby jubilee
45th year sapphire jubilee
50th year golden jubilee
55th year emerald jubilee
60th year or 75th year diamond jubilee
100th year centenary jubilee

့စမ်းကြည့်တာပါ

သူများ website တွေကို လိုက်ကြည့်ရင်းနဲ့ အားကျပြီး ကိုယ်တိုင်လက်တည့်စမ်းကြည့်တာပါ
online ပေါ်မှနည်းပညာများဖြင့်ရယူပြုလုပ်ထားခြင်းဖြစ်ပါသည်။

Monday, December 29, 2008

ပြန်လာခဲ့ပါ နေရာဟောင်းဆီ