ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, May 19, 2010

တစ်ပတ်အတွင်း အထူသတင်း (၁၂-၀၅-၂၀၁၀)

အကြောင်းမညီညွတ်သဖြင့် ဘောင်းဘီချွတ်ထားရသော မနုဿီဟပါတီ ဥက္ကဖြစ်သူ ငပေါဂေဟာ ဝန်ကြီးချုပ်သည် ယမန်နေ့က အင်တာနက်တိုင်း အွန်လိုင်းကျေးရွာတစ်ခုတွင် မဲဆွယ်စည်းရုံးမှုများကို အတင်းလုပ်ဆောင်သွားကြောင်း အတင်းတုတ်ရပါသည်။

ဝန်ကြီးချုပ်သည် အဆိုပါ ကျေးရွာအတွင်း တစ်အိမ်တက်ဆင်း တံခါးခေါက်ပြီး မနုဿီဟ တံဆိပ်ပါ ကလေးဝတ် စွပ်ကျယ်များကို စည်းရုံးရေးဆင်းသည့် အနေဖြင့် ဝေငှသွားကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်က ၎င်းဦးဆောင် တည်ထောင်သော မနုဿီဟ ပါတီကို မဲများများထည့်ရန်နှင့် ၎င်းပါတီ အနိုင်ရပါက ဒေသတွင်း ရေရှားပါးမှုကို ဖြည့်ဆည်းပေးသည့်အနေဖြင့် တစ်အိမ်လျှင် ရေသန့်ပုလင်း (1 Liter) တစ်လုံးစီ ပံ့ပိုးသွားမည်ဟု သိရှိရပါသည်။

ဒေသခံတို့အား ဝန်ကြီးချုပ်က... မနုဿီဟသည် လူတစ်ပိုင်း ခြင်္သေတစ်ပိုင်း ဖြစ်သည့်အပြင် တင်နှစ်ခွရှိသည့်တွက် ဂေဟာ၏ အကျိုးကိစ္စများကို ဝန်ကြီးချုပ်သက်တမ်း ကုန်သော်လည်း ဆက်လက်ပြီး တင်ပါးပြောင်း လွှဲယူနိုင်သဖြင့် ဂေဟာအကျိုးများဖွယ် ရှိကြောင်း ပြောကြားသွားပါသည်။

အဆိုပါ ဒေသမှ ပြန်မထွက်ခွာမီ ဘောင်းဘီဝတ်အကျင့်မပျောက်သေးသော ဝန်ကြီးချုပ်သည် ထုံးစံအတိုင်း လိုအပ်သည်များကို မှာစားပြီး ကျန်တာများကို အိမ်သူပိုင် အထုပ်ဆွဲသွားပါသည်။

ဤတွင် တစ်ပတ်အတွင်း အထူသတင်းများကို ကြေညာလို့ ပြီးပါပြီ။

အကောင်းဆုံး အစုအဖွဲ့ ၂၀၀၉ ဘလော့ဆုရ ငပေါဂေဟာ

No comments:

Post a Comment